"သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ စတုတ္ထနှစ် သူနာပြုသိပ္ပံ (ပုံမှန်) (၁/၂၀၂၆)ကျောင်းသား/သူများ၏ Nursing Seminar အခမ်းအနား ကျင်းပ"

"သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ စတုတ္ထနှစ် သူနာပြုသိပ္ပံ (ပုံမှန်) (၁/၂၀၂၆)ကျောင်းသား/သူများ၏ Nursing Seminar  အခမ်းအနား ကျင်းပ"

ရန်ကုန်၊ အောက်တိုဘာ ၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် 
သူနာပြုသိပ္ပံ (ပုံမှန်) (၁/၂၀၂၆)ကျောင်းသား/သူများ၏ Nursing Seminar  အခမ်းအနားကို Saving Lives in Disaster: Nursing in Preparedness, Response and Recovery ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီတွင်သူနာပြုတက္ကသိုလ်၊ ရန်ကုန် (ပင်မ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို  သူနာပြုတက္ကသိုလ်၊ ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ မှ အဖွင့်အမှာစကား ပြောကြားပြီး  
ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး
 ပါမောက္ခ ဒေါ်စိန်ယောမေ က Nursing Seminar  ပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား/သူများက မိမိတို့အစုအဖွဲ့အလိုက် ခေါင်းစဉ် ၆ ခုခွဲ၍ Powerpoint Presentation,  Role Play နှင့် Poster  များ 
ဖြင့် တင်ပြဆွေးနွေးကြပြီး ညနေ ၄:၃၀  နာရီတွင် အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။

အခမ်းအနားသို့ သူနာပြုတက္ကသိုလ်၊ရန်ကုန်မှ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ  CEC အဖွဲ့၀င်  ပါမောက္ခ/ဌာနမှူး (ငြိမ်း)ပါမောက္ခ ဒေါ်ခင်သိမ်း၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေး ဆရာဆရာမများ၊ လသာမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ သင်ကြားရေးဆေးရုံများမှ သူနာပြုအုပ်များနှင့် သူနာပြုဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း  စတုတ္ထနှစ် သူနာပြုသိပ္ပံ (ပုံမှန်)  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။