"သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ စတုတ္ထနှစ် သူနာပြုသိပ္ပံ (ပုံမှန်) (၁/၂၀၂၆)ကျောင်းသား/သူများ၏ Nursing Seminar အခမ်းအနား ကျင်းပ"
"သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ စတုတ္ထနှစ် သူနာပြုသိပ္ပံ (ပုံမှန်) (၁/၂၀၂၆)ကျောင်းသား/သူများ၏ Nursing Seminar အခမ်းအနား ကျင်းပ"
ရန်ကုန်၊ အောက်တိုဘာ ၆
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်
သူနာပြုသိပ္ပံ (ပုံမှန်) (၁/၂၀၂၆)ကျောင်းသား/သူများ၏ Nursing Seminar အခမ်းအနားကို Saving Lives in Disaster: Nursing in Preparedness, Response and Recovery ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီတွင်သူနာပြုတက္ကသိုလ်၊ ရန်ကုန် (ပင်မ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို သူနာပြုတက္ကသိုလ်၊ ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ မှ အဖွင့်အမှာစကား ပြောကြားပြီး
ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး
ပါမောက္ခ ဒေါ်စိန်ယောမေ က Nursing Seminar ပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား/သူများက မိမိတို့အစုအဖွဲ့အလိုက် ခေါင်းစဉ် ၆ ခုခွဲ၍ Powerpoint Presentation, Role Play နှင့် Poster များ
ဖြင့် တင်ပြဆွေးနွေးကြပြီး ညနေ ၄:၃၀ နာရီတွင် အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ သူနာပြုတက္ကသိုလ်၊ရန်ကုန်မှ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ CEC အဖွဲ့၀င် ပါမောက္ခ/ဌာနမှူး (ငြိမ်း)ပါမောက္ခ ဒေါ်ခင်သိမ်း၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေး ဆရာဆရာမများ၊ လသာမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ သင်ကြားရေးဆေးရုံများမှ သူနာပြုအုပ်များနှင့် သူနာပြုဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း စတုတ္ထနှစ် သူနာပြုသိပ္ပံ (ပုံမှန်) ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
