သူနာပြုတက္ကသိုလ်၊ရန်ကုန်၊ အာစရိယပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရန်ကုန်- စက်တင်ဘာ (၃၀) ။           ။ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်၊  ရန်ကုန်၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ‌ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင်သူနာပြုတက္ကသိုလ်၊ ရန်ကုန် (ပင်မ) ခန်းမ၌ကျင်းပသည်။ 

 ရှေးဦးစွာ ကျောင်းသားကျောင်းသူများမှ ဆရာ၊ ဆရာမများအား ကန်တော့ချိုးဖြင့် ကန်တော့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှ ဆုံးမသြဝါဒနှင့် ဆုမွန်ကောင်းများချီးမြင့်ပြောကြားကြသည်။

သူနာပြုတက္ကသိုလ်(ရန်ကုန်)တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် သူနာပြုပါရဂူ၊ သူနာပြု မဟာသိပ္ပံ၊ သူနာပြုသိပ္ပံ(ပေါင်းကူး) On campus၊ သူနာပြုသိပ္ပံ(ပုံမှန်)နှင့် အထူးပြုသူနာပြုဒီပလိုမာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၀၇၁) ဦး တက်ရောက်သင်ကြားလျက်ရှိသည်။